“စာကိုလည်းသင်၊ လူလည်းပြင်၊ Summit ကျောင်းရဲ့ပုံရိပ်သွင်”

Summit Private Primary School
SUMMIT Primary School
Students in Summit Private Middle School

Summit Private School

ကျောင်း၏သမိုင်း

Summit International Learning Centre ကို 2005- 2006 Academic Year မှ စတင်၍ တည်ထောင်ခဲ့ပြီး International Standard Curriculum Pre-school and Primary School ကိုစတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။2005- 2006 ပညာသင်နှစ်မှပင်စတင်၍ Weekend and Summer English 4-Skills Classes များကို Cambridge YLE course အခြေခံ၍ သင်ကြားပေးပြီး Cambridge YLE Eaxm ဖြေဆိုသော ကလေးများ မှာ Shield အပြည့်ဖြင့်အောင်မြင်ကြပါသည်။ 2013-2014 Academic Year တွင် Summit ကိုယ်ပိုင်မူလတန်း ကျောင်း (Summit Private Primary School) ကိုတိုးချဲ့ဖွင့်လှစ်သင်ကြားခဲ့သည်မှာ ယခုအချိန်တွင် (၁၀) စုနှစ်ကျော် ကြာခဲ့ပြီဖြစ်ပါသည်။

Vision

To create a relevant learning environment in which the future young generation is trained to excel in academic achievement, knowing the value of responsible citizens, “that comes with Confidence, Responsibility and Accountability”.

Mission

Summit Private Primary School provides a safe and caring environment in which literate and responsible citizens who are capable of creating a better and more peaceful world through mutual understanding and respect and those who value and apply academic and social skills in their future endeavors are produced.

Summit School၏ သင်ကြားရေး

သင်ကြားမှုပုံစံ

ကျောင်းစတင် တည်ထောင်စဉ်မှစ၍ကလေးဗဟိုပြုစနစ်ဖြင့် သင်ကြားခဲ့သည်။
ဆရာမမှလက်တွေ့ပြသရှင်းပြခြင်း၊ ကျောင်းသူ၊ ကျောင်းသားများမှ လက်တွေ့လေ့လာ၊ လုပ်ဆောင်ခြင်း၊ မေးခွန်းများကို မိမိတို့ အတွေးဖြင့်ဆန်းစစ်၊ တွေးခေါ်၊ ဖြေကြားစေခြင်း၊ Hands-on Activities များစွာ ဖြင့် တိုက်ရိုက်ထိတွေ့သင်ယူစေခြင်းတို့ဖြင့် ဖြတ်သန်းရသော သင်ပေး/ သင်ယူ ဝန်းကျင်လေးဖြစ်ပါသည်။
“ထမင်းစားဆင်းပြီး၊ ကျောင်းပြန်တက်ချိန်တွင် ကလေးများအားလုံး မိနစ် (၃၀) Quiet nap time ရှိပါသည်။ ထိုသို့နားစေခြင်း သည်နေ့လည်ပိုင်းသင်ကြားရေးကို များစွာအထောက်အကူပြု ပါသည်။ လန်းဆန်း၊ တက်ကြွ၊ စိတ်ပါဝင်စားစွာ သင်ယူနိုင်ကြောင်းတွေ့ရပါသည်။”
တစ်နေ့တာသင်ခန်းစာများ ပြန်လည်သင်ကြားခြင်းနှင့် အိမ်စာအတွက်မှာကြား ခြင်းကို နောက်ဆုံးစာသင်ချိန်များမှာ လိုအပ်သလို ဆောင်ရွက်ပါသည်။ သောကြာနေ့ရဲ့ နောက်ဆုံးအချိန်မှာတော့ တစ်ပါတ်စာ သင်ခန်းစာများမှ လိုအပ် ချက်ရှိသလို ပြန်လည်သင်ပြပေးပါသည်။

Phonics &
English Proficiency

သင်ရိုးပါ English Text အပြင် ဖြည့်စွက် English – 4 Skills ကို Cambridge English Course များမှ ပြဋ္ဌာန်းထားသော Series များမှရွေးချယ် သင်ကြားပေး ပါသည်။
အသံထွက်မှန်စေရန်အတွက် Phonics အခြေခံဖြင့် သင်ကြားပေးပြီး၊ သင်ကြားသော ဆရာမများမှလည်း English လိုသာပြောဆိုသင်ကြားပေးခြင်း ဖြစ်ပါသည်။
သို့ဖြစ်ရာကလေးများ၏အရည်အချင်းအလိုက် English လို ကောင်းစွာနားလည်လာကြပြီး၊ အသံထွက်မှန်စွာ၊ grammar မှန်စွာဖြင့် Confidence ရှိရှိ ပြောဆိုလာနိုင်ကြပါသည်။ Accent – လေယူလေသိမ်းထက် Correct Pronunciation – အသံထွက် မှန်ကန်စေရန် အလေးထားသင်ကြားပါသည်။

Summit School ၏ စောင့်ရှောက်မှုများ

အစားအသောက်နှင့် ပတ်သက်၍

မုန့်စား/ ထမင်းစားဆင်းချိန်များတွင် စနစ်တကျလက်ဆေးခြင်း၊ စားပြီးလျှင်ခံတွင်းသန့်ရှင်းရေးပြုလုပ်ခြင်းတို့ လုပ်စေပါသည်။

သို့ဖြစ်ပါ၍ ကလေးများ၏နေ့စဉ် ထမင်းဘူးတွင် အသီးအရွက်၊ ပဲ/ အသားငါး၊ အသီးအနှံတစ်မျိုးပါဝင်မှုရှိစေရန် ဆရာမများမှ အမြဲကြည့်ပေးပြီး၊ လိုအပ်လျှင် မိဘများနှင့် ဆက်သွယ်ပြောကြားပါသည်။

ထိခိုက်မိလျှင်

အချိန်ပြည့်ထားရှိသော အပြာဝတ်သူနာပြုမှ စစ်ဆေးပြီး၊ အိမ်နှင့်ဆက်သွယ်၍ လိုအပ်သလိုဆက်လက်ဆောင်ရွက်ပေးပါသည်။ ကျောင်းအနီး ကလေးအထူးကု ဆရာဝန်ဆေးခန်း၌လည်းလိုအပ်သလိုပြသနိုင်ရန် ချိတ်ဆက်ထားပါသည်။

ကိုယ်လက်လှုပ်ရှား အားကစား

Physical Exercise သည် ကလေးများအတွက် မဖြစ်မနေလိုအပ်သော Activity ဖြစ်ပါသောကြောင့် တစ်ပါတ်လျှင် (၂) ကြိမ်ထက်မနည်း၊ ကစားကွင်းတွင် လေ့ကျင့်ပေးပါသည်။ ကစားချိန်တွင်လည်းပျော်ရွှင်စွာ ပြေးလွှားဆော့ကစား ကြရပါသည်။

Sports Games/ Competition များလည်းပြုလုပ်ပေးပါသည်။

ကျောင်းကား

ကျောင်းပို့/ ကြိုအခက်အခဲမရှိစေရေး ကျောင်းကားများကို အလွန်သင့်တင့် လှသောနှုန်းထားဖြင့် စီမံပေးထားခြင်းဖြင့် စားရိတ်သက်သာမှုရှိစေရန်။

မိဘနှင့် ကျောင်းသား ပူးပေါင်းဆောင်ရွက်မူ

မိဘများ၏ ပူးပေါင်းဆောင်ရွက်မှု

ကျောင်း၏သင်ကြားမှုသည် ကလေးတစ်ဦးချင်းစီကို ဂရုစိုက်၍ သင်ကြားပေးသည်ဖြစ်၍ ကျောင်းချိန်ပြင်ပ ကျူရှင်သင်ရန်လုံးဝမလိုအပ်ပါ။

အိမ်စာပေးသည့်အခါ သင်ကြားပေးပြီးဖြစ်သော သင်ခန်းစာများကိုသာ အခြေခံသည့် လေ့ကျင့်မှု များပြုလုပ်ရန်ကို အဓိကထား၍ပေးပါသည်။ သို့ဖြစ်၍ မိဘမှ (သို့) အိမ်သား တစ်ဦးဦးမှ စာလုပ်ချိန်သတ်မှတ်၍ ကြပ်မတ်လုပ်စေလျှင် လုံလောက်ပါသည်။

ဘက်စုံ ဆောင်ရွက်ပေးခြင်း

  • လူမှုရေးကဏ္ဌတွင် လူ့ပတ်ဝန်းကျင်၌ စနစ်တကျ၊ ပြောဆို၊ နေထိုင်၊ ပြုမူရမည့်လူမှုရေးဆိုင်ရာအသိပညာများကို နားလည်၊ တန်ဖိုးထားတတ်သည့် လူရည်မွန်လေးများအဖြစ် ကြီးပြင်းလာစေရန်၊
  • အသိပညာတွင် ဘက်စုံ၌ တိုးတက်၊ ထက်မြက်လာပြီး၊ Critical Thinking & Problem Solving Skills များအသုံးပြုနိုင်သည့် လူတော်လေးများပေါ်ထွန်း လာစေရန်၊
  • ပန်းချီ၊ ဂီတနှင့် ပတ်သက်သည့် အခြေခံအသိပညာများလေ့လာစေပြီး၊ ပန်းချီ နှင့်အနုပညာကို Activities များဖြင့် လေ့ကျင့်သင်ယူနိုင်သည့် ဝန်းကျင်လေး ဖြစ်စေပြီး၊ ကလေးများ၏ အရည်အချင်းကိုမြှင့်တင်ပေးနိုင်ရန်၊
  • ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုခြင်းနှင့် ပုခုံးနာ၊ ပုခုံးကိုင်းခြင်းမှ ကင်းဝေးရန်၊ ကလေး တစ်ဦးချင်းစီကို ဖတ်စာအုပ် (၂) စုံစီထုတ်ပေးပြီး၊ တစ်စုံကို အိမ်၌ လေ့လာ ဖတ်မှတ်ရန်ပေးထားပြီးနှင့် တစ်စုံကိုကျောင်း၌ ထားခြင်းဖြင့် နေ့စဉ် သယ်ယူ/ ပြန်ရသည့် ဝန်ထုပ်ဝန်ပိုးမရှိတော့ဘဲ ကျန်းမာရေးနှင့်လည်း ညီစွာ သွားလာ နိုင်ရန်၊
ကျောင်းလိပ်စာ

အမှတ်(၃၀)၊ ဗဟိုလမ်းမကြီး၊ (ပြည်ရိပ်မွန်အိမ်ရာ ဝင်ပေါက်)
ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

ကျောင်းသို့ ဆက်သွယ်ရန်
ကျောင်းနှင့်ဆက်သွယ်လိုလျှင်

အမည်၊ဖုန်းနံပါတ်၊ email လိပ်စာ နှင့် သိလိုသော အကြောင်းအရာကို မေးနိုင်ပါသည်။

ကျောင်းမှအမြန်ဆုံးဆက်သွယ်ဖြေကြားပေးပါမည်။

    Summer School

    • Age 5 years – 15 years
    • Monday – Friday
    • 8:00 am – 2:00 pm
    • School Bus (on request)
    Contact

    Free Registration