“စာကိုလည်းသင်၊ လူလည်းပြင်၊ Summit ကျောင်းရဲ့ပုံရိပ်သွင်”

Summit Private School

Summit ကျောင်း၏သမိုင်းကြောင်း

Summit International Learning Centre ကို 2005- 2006 Academic Year မှ စတင်၍ တည်ထောင်ခဲ့ပြီး International Standard Curriculum Pre-school and Primary School ကိုစတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ 

2005 – 2006 ပညာသင်နှစ်မှပင်စတင်၍ Weekend and Summer English 4-Skills Classes များကို Cambridge YLE course အခြေခံ၍ သင်ကြားပေးပြီး စာမေးပွဲဖြေသော ကလေးများ မှာ Shield အပြည့်ဖြင့်အောင်မြင်ကြပါသည်။

2013- 2014 Academic Year တွင် Summit Private Primary School ကိုဆက်လက်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

Visions

To create a relevant learning environment in which the future young generation is trained to excel in academic achievement, knowing the value of responsible citizens, “that comes with Confidence, Responsibility and Accountability”.

Missions

Summit Private Middle School provides a safe and caring environment in which literate and responsible citizens who are capable of creating a better and more peaceful world through mutual understanding and respect and those who value and apply academic and social skills in their future endeavors are produced.

သင်ကြားမှုပုံစံ

ကျောင်းစတင် တည်ထောင်စဉ်မှစတင်၍ ကလေးဗဟိုပြုစနစ်ဖြင့် သင်ကြားခဲ့သည်မှာ ၁၀ နှစ်ကျော်ခဲ့ပါပြီ။ ဆရာမမှ လက်တွေ့ပြသရှင်းပြခြင်း၊ ကျောင်းသူ၊ ကျောင်းသားများမှ လက်တွေ့ လေ့လာ၊ လုပ်ဆောင်ခြင်း၊ မေးခွန်းများကို မိမိတို့အတွေးဖြင့် ဆန်းစစ်၊ တွေးခေါ်၊ ဖြေကြားစေခြင်း၊ Hands-on Activities များစွာဖြင့် တိုက်ရိုက်ထိတွေ့ သင်ယူ စေခြင်းတို့ဖြင့် ဖြတ်သန်းရသော သင်ပေး/ သင်ယူဝန်းကျင်လေးဖြစ်ပါသည်။

“ထမင်းစားဆင်းပြီး၊ ကျောင်းပြန်တက်ချိန်တွင် ကလေးများအားလုံး မိနစ် (၃၀) Quiet Nap Time ရှိပါသည်။
ထိုသို့နားစေခြင်းသည် နေ့လည်ပိုင်းသင်ကြားရေးကို များစွာအထောက်အကူပြုပါသည်။လန်းဆန်း၊ တက်ကြွ၊ စိတ်ပါဝင်စားစွာ သင်ယူ နိုင်ကြောင်းတွေ့ရပါသည်။ တစ်နေ့တာသင်ခန်းစာများ ပြန်လည် သင်ကြားခြင်း နှင့် အိမ်စာအတွက်မှာကြားခြင်းကို နောက်ဆုံးစာသင်ချိန်များမှာ လိုအပ်သလို ဆောင်ရွက်ပါသည်။

သောကြာနေ့ရဲ့ နောက်ဆုံးအချိန်မှာတော့ တစ်ပါတ်စာ သင်ခန်းစာများမှ လိုအပ်ချက်ရှိသလို ပြန်လည်သင်ပြပေးပါသည်။

English 4-Skills

သင်ရိုးပါ English မှာ English 1 ဖြစ်ပြီး၊ ဖြည့်စွက် English – 4 Skills မှာ English 2 ဖြစ်ပါသည်။ အားသာချက်မှာ အသံထွက်မှန်စေရန်အတွက် Phonic အခြေခံဖြင့် သင်ကြားပေးပြီး၊ သင်ကြားသော ဆရာမများမှလည်း English လိုသာပြောဆိုသင်ကြားပေးခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာကလေးများ၏ အရည် အချင်းအလိုက် English လိုကောင်းစွာနားလည်လာကြပြီး၊ အသံထွက်မှန်စွာ၊ grammar မှန်စွာဖြင့် Confidence ရှိရှိ ပြောဆိုလာနိုင်ကြပါသည်။ Accent -လေယူလေသိမ်းထက် Correct Pronunciation – အသံထွက် မှန်ကန်စေရန် အလေးထားသင်ကြားပါသည်။ English 2 Text Books များမှာ Cambridge English Course များမှ ပြဋ္ဌာန်းထားသော Series များမှရွေးချယ် သင်ကြားပေး ခြင်းဖြစ်ပါသည်။

ကျန်းမာရေး
စောင့်ရှောက်မူ

အစားအသောက်

မုန့်စား/ ထမင်းစားဆင်းချိန်များတွင် စနစ်တကျလက်ဆေးခြင်း၊ စားပြီးလျှင် ခံတွင်းသန့်ရှင်းရေးပြုလုပ်ခြင်းတို့ လုပ်စေပါသည်။ ကလေးများမှ မျှတသော အာဟာရကိုစားသုံးရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ကလေးများ၏နေ့စဉ် ထမင်းဘူးတွင် အသီးအရွက်၊ ပဲ/ အသားငါး၊ အသီးအနှံတစ်မျိုးပါဝင်မှုရှိစေရန် ဆရာမများမှ အမြဲကြည့်ပေးပြီး၊ လိုအပ်လျှင် မိဘများနှင့် ဆက်သွယ်ပြောကြား ပါသည်။ ထမင်းစားစဉ် ရေအနည်းငယ်စီသောက်ပြီး၊ ထမင်းစားပြီးလျှင်ပြီးချင်း‌ရေများများမသောက်ရန် ကိုလည်းကြပ်မတ်လေ့ကျင့်ပေးပါသည်။

နေထိုင်မကောင်းလျှင်

အပြာဝတ်သူနာပြုတစ်ယောက်ကို အချိန်ပြည့်ထားရှိပြီး ကျောင်းသား၊‌ကျောင်သူများကို အနီးကပ်စောင့်ကြည့်ပေးပါသည်၊၊ ကျောင်းအနီး ကလေးအထူးကု ဆရာဝန်ဆေးခန်း၌လည်းလိုအပ်သလိုပြသနိုင်ရန် ချိတ်ဆက်ထားပါသည်။

မိဘများ၏ပူးပေါင်းမှု

အစားအသောက်

မုန့်စား/ ထမင်းစားဆင်းချိန်များတွင် စနစ်တကျလက်ဆေးခြင်း၊ စားပြီးလျှင် ခံတွင်းသန့်ရှင်းရေးပြုလုပ်ခြင်းတို့ လုပ်စေပါသည်။ ကလေးများမှ မျှတသော အာဟာရကိုစားသုံးရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ကလေးများ၏နေ့စဉ် ထမင်းဘူးတွင် အသီးအရွက်၊ ပဲ/ အသားငါး၊ အသီးအနှံတစ်မျိုးပါဝင်မှုရှိစေရန် ဆရာမများမှ အမြဲကြည့်ပေးပြီး၊ လိုအပ်လျှင် မိဘများနှင့် ဆက်သွယ်ပြောကြား ပါသည်။ ထမင်းစားစဉ် ရေအနည်းငယ်စီသောက်ပြီး၊ ထမင်းစားပြီးလျှင်ပြီးချင်း‌ရေများများမသောက်ရန် ကိုလည်းကြပ်မတ်လေ့ကျင့်ပေးပါသည်။

နေထိုင်မကောင်းလျှင်

အပြာဝတ်သူနာပြုတစ်ယောက်ကို အချိန်ပြည့်ထားရှိပြီး ကျောင်းသား၊‌ကျောင်သူများကို အနီးကပ်စောင့်ကြည့်ပေးပါသည်၊၊ ကျောင်းအနီး ကလေးအထူးကု ဆရာဝန်ဆေးခန်း၌လည်းလိုအပ်သလိုပြသနိုင်ရန် ချိတ်ဆက်ထားပါသည်။

School Address

No-30. Baho Road,
Next to Pyi Yeikmon Housing Entrance,
Kamaryut Township (11041),
Yangon, Myanmar.

School Contact
Summit Private School - Teaching
Have a query?

Do not hesitate to contact us.

 

    Summer School

    • Age 5 years – 15 years
    • Monday – Friday
    • 8:00 am – 2:00 pm
    • School Bus (on request)
    Contact

    Free Registration